ကျောက်ဆည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် နှမ်းများဖြန့်ဝေနိုင်ရေးနှင့် စားသုံးဆီဖူလုံပိုလျှံရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်းရတနာ-၄ နွေးနှမ်း (၃၀၀၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နွေနှမ်းစိုက်တောင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေနှမ်းများကို ပြည်ပန်းကျေးရွာ တောင်သူ (၂၀)ဦးမှ (၉၂)ဧက၊ ပင်တလည်ကျေးရွာ တောင်သူ(၂၃)ဦးမှ (၈၈)ဧက၊ ရွှေလေးကျေးရွာ တောင်သူ(၁၀၉)ဦးမှ (၄၄၅)ဧက၊ မုန့်ပေါင်းကျေးရွာ တောင်သူ(၈၄)ဦးမှ (၂၇၄)ဧက၊ သင်္ဂတုံကျေးရွာ တောင်သူ(၆၇)ဦးမှ (၄၂၃)ဧက၊ ကျားကာကျေးရွာ တောင်သူ(၄၃)ဦးမှ (၂၈၀)ဧက၊ ပေါက်ကုန်းကျေးရွာ တောင်သူ(၂၀)ဦးမှ (၁၁၀)ဧက၊ ကုလကျေးရွာ တောင်သူ(၂၉)ဦးမှ (၁၆၀)ဧက၊ ရဲကြီးကျေးရွာ တောင်သူ(၁၉)ဦးမှ (၁၆၀)ဧက၊ ခါးတက်ကုန်းကျေးရွာ တောင်သူ(၉)ဦးမှ (၆၁)ဧက၊ စပါယ်တောကျေးရွာ တောင်သူ(၂၂)ဦးမှ (၈၀)ဧက၊ စိုင်မလန်းကျေးရွာ တောင်သူ (၂၂)ဦးမှ (၁၂၀)ဧက၊ ရဲမအူကျေးရွာ တောင်သူ(၂၇)ဦးမှ (၁၅၀)ဧက၊ အင်ရောင်ကျေးရွာ တောင်သူ(၂၄)ဦးမှ (၁၅၀)ဧက၊ ညောင်ရွေကျေးရွာ တောင်သူ(၄၇)ဦးမှ (၂၅၀)ဧက၊ တံစိုးကျေးရွာ တောင်သူ(၇)ဦးမှ(၂၇)ဧက၊ လက်ပံပင်ကျေးရွာအုပ်စု တောင်သူ(၁၁)ဦးမှ (၅၀)ဧက၊ ကတဲကျေးရွာ တောင်သူ(၁၇)ဦးမှ (၈၀)ဧက စုစုပေါင်း (၃၀၀၀)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးထားသောနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရန် မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးခြင်း၊ သားခွဲခြင်း၊ ပေါင်းသင်ခြင်းနှင့် လိုအပ်သည့်အချိန်များတွင် သွင်းအားစုထည့်သွင်းခြင်းများ ကွင်းဆင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)