တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၃/၂၀၂၆) သင်တန်းဖွင့်ပွဲ တက်ရောက်
နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ် (၁၃/၂၀၂၆)သင်တန်းဖွင့်ပွဲကို မေ ၄ ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။