ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံနီများ အရောင်းအဝယ်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီများ ပြည်တွင်းပြည်ပဝယ်ယူမှုများပြားခြင်းကြောင့် အရောင်းအဝယ်ဆက်လက်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဂေါ်ရခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် မိုးရာသီကာလ၌ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတို့ကို စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၁) ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

က‌လောမြို့နယ်၌ သမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှုအ‌ခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌‌ က‌လောမြို့နယ်၊‌ ‌၀ါးရုံပင်ကျေးရွာအုပ်စု၊ ၀ါးရုံပင်‌‌ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့‌ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ရွှေရင်အေးစိုက်ပျိုး‌ရေးနှင့်အ‌ထွေထွေလုပ်ငန်းသမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိသည့် စိုက်ကွင်းအမှတ်(၂)အခြေအနေအား စက်တင်ဘာလ ၂၁ ရက်‌နေ့ မွန်းလွှဲ ၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)အချိန်က ကျင်းပခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

သုံးခွမြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID)စနစ်ဖြင့် Smart Card များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity စနစ်ဖြင့် Smart Card များကို မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းကစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အထွေထွေဗဟုသုတနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to