မော်လမြိုင်မြို့နယ်၌ အခွန်ဥပဒေအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်အခွန်များဦးစီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အခွန်ဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။

ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေးရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေးတွင် ယမန်နေ့နံနက်ပိုင်းက စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်၍ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး အသင်းတို့ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ရက် နံနက် ၁၀နာရီက မန္တလေး အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင်များ၏ စခန်းသွင်းလေ့ကျင့်နေမှုများ သွားရောက်ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များ၏ စခန်းသွင်းလေ့ကျင့်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံ ပညာ ကျောင်းသားအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်း က  ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။ အဆိုပါ အားကစားပြိုင်ပွဲသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်မှ (၂၉) ရက်ထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့်(၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်  သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီး လက်ရွေးစင်များရွေးချယ်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မချမ်းဘောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တွေ့ဆုံ၊ စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ(၂၁)ရက် နေ့လယ်ပိုင်းက မချမ်းဘောမြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်း များနှင့်တွေ့ဆုံပြီး စည်ပင်သာယာရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာ များပူးပေါင်း၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အကြောင်း အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် မိသားစုဝင်များ အသုံးပြုတတ်စေရန်အတွက် ယမန်နေ့နံနက် (၁၀) နာရီက မြောင်းမြ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ ရဲကျော်သူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်ရုံး၊ Community Centre ခန်းမ၌ လူငယ်နှင့်ပရဟိတ အသိပညာပေး Talk Show ကျင်းပ

ရွှေတောင်မြို့နယ်ရုံး၊ Community Centre ခန်းမ၌ လူငယ်နှင့်ပရဟိတ အသိပညာပေး Talk Show ကျင်းပ ရွှေတောင် စက်တင်ဘာ ၂၂ ရွှေတောင်(ပြန်/ဆက်)

အ.လ.က ချည်မျှင်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အ.လ.က ချည်မျှင်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ရွှေတောင် စက်တင်ဘာ ၂၂ ရွှေတောင် (ပြန်/ဆက်)
Subscribe to