ကော့ကရိတ် မေ ၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေး ပြည်သူများ၏ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်နိုင်စေရေးအတွက် မေ ၃ရက်တွင် ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးယဉ်က ကော့ကရိတ်မြို့တွင်းရှိ တိုင်းရင်းဆေးကုဌာန၏ ရုံးအဆောက်အဦ အခြေအနေများ၊ လူနာများ၏ ကျန်းမာရေးဆေးကုသနေမှုများအား မြေမြင်အမှန်သိရှိနိုင်ရန် ကွင်းဆင်း ဆောင်ရွက်သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးမှ ကော့ကရိတ်မြို့နယ်တိုင်းရင်းဆေးကုဌာန၏ ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး ဆေးခန်းအပြင်အဆင်၊ လူနာများအားဆေးကုသနေမှု အခြေအနေ၊ ဆေးကုဌာန၏လိုအပ်ချက်များ၊ ရက် ၁၀၀အတွင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရုံးပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးပြုပြင် ခြင်းများအား ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်တိုင်းရင်းဆေးကုသဌာန၏ ရုံးအဆောက်အဦပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)