မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးအနေဖြင့် မူးယစ်ဆေးစွဲကုသပြီး ပြန်လည်ထူထောင်မှုခံယူလျက်ရှိသည့် သင်တန်းသား(၂၀)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။