စေတုတ္တရာမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပသည်။