ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ရပ်ကွက်(၄)အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုရှိပါက မိတ္တူပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးသည်။