စေတုတ္တရာမြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားသုံးဆူဆုတောင်းပြည့်စေတီတော်အား သန့်ရှင်းရေးဆောင်ရွက်

စေတုတ္တရာ  မေ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဘုရားစေတီဖြစ်သော နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှ မြောက်ခေတ္တရာရက်ကွက်အတွင်း တည်ထားကိုယ်ကွယ်လျက်ရှိသော ဘုရားသုံးဆူဆုတောင်းပြည့်စေတီတော်အား သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

ထိုသို့ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဘုရားစေတီဝန်းအတွင်း၊ အပြင်ရှိ မြက်ပင်၊ ပေါင်းပင်၊  ချုံနွယ်များအား သန့်ရှင်းသာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားစေတီအနီးအနားရှိ  အမှိုက်သရိုက်များကို ကောက်ယူခြင်း၊ တံမြက်စည်းလှဲခြင်းစသည်တို့ကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပြီး စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်

ဆန်းကိုကို(ပြန်/ဆက်)