ကျိုင်းတောင်း မေလ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မွေတော်မြို့နံစေတီတော်ဝန်းအတွင်း၌ (၃.၅.၂၀၂၆) ရက်နေ့တွင် ပထမအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်းဆင်းပွဲကို ကျင်းပခဲ့ကြောင်းသိရပါသည်။
ရှေးဦးစွာ နမောတဿ သုံကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခန်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တသီရိဓဇ(ဓမ္မစရိယ၊ ကမ္မဌာစရိယ) နယ်လှည့်ဓမ္မကထိကနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ တာဝန်ခံဆရာတော် ဘဒ္ဒန္တထေရဝံသ(ဓမ္မစရိယ၊ မဟာစည်ကမ္မဌာနစရိယ)တို့မှ ယဉ်ကျေးလိမ္မာသင်တန်းတတ်ရောက်သော ကလေးငယ်များအား ဆုံးမသြဝါဒစကားပြောကြားခဲ့ပါသည်။ အဆိုပါယဉ်ကျေးလိမ္မာသင်တန်းကို ကျိုင်းတောင်းမြို့ရှိ ကလေးငယ်များအား ကိုယ်၊ နှုတ်၊ နှလုံးယဉ်ကျေးသိမ်မွေ့သေား လူလိမ္မာများဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လွစ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ယဉ်ကျေးမှုသင်တန်အား (၂၅.၃.၂၀၂၆)ရက်မှ ရက်ပေါင် ၄၀ အထိဖွင့်လှစ်သင်ကြားခဲ့ပြီး (၃.၅.၂၀၂၆)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့သည်။ ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ခဲ့သော ကလေး (၁၅၀)ဦးခန့်အား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါသည်။
ကိုကို(ပြန်/ဆက်)