သန်လျင် မေ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇွဲမင်းဦးနှင့်ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အသက် (၁၀)နှစ်မှ (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ပြီး UID (Unique Identification Number) မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာနေ ပြည်သူများအား ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမိုးသူ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးတင့်နှင့်အဖွဲ့မှ လာရောက်အားပေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုမှာကြား၍ ပြည်သူများ၏ လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့အားပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဖြိုးသီဟ(သန်လျင်)