ကျိုင်းလပ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ကျိုင်းလပ် မေ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ်တနှင့် ဘောဂစသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိအမြင်ရှိပြီး အပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်စေရေး၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြက်စေရေးကိုရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို  ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ယဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများမှ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်(ပြန်/ဆက်)