မိုင်းဖြတ် မေ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ခရမ်းလွန်ရောင်ခြည်နှင့် အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက သိလိုသည့်များကို မေးမြန်းခဲ့ရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)