ကသာခရိုင်၌ မိုးစပါးစိုက်ဧက (၁၇၃၆၂၅) စိုက်ပျိုးရန် လျာထား

ကသာခရိုင်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာတွင် မိုးစပါးစိုက်ဧက (၁၇၃၆၂၅)စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ (၁၇၁၇၃၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့ နံနက် (၉) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ဆောင်ရွက်သည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင် ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အ.ထ.က-ကလိန်အောင်ကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ဝဥစိုက်ပျိုးထုတ်လုပ်သူများ ဈေးကောင်းရရှိပြီး ဝင်ငွေတိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဝဥစိုက်ပျိုးထားသူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။

မချမ်းဘော၌ ကမ္ဘာ့ဆရာများနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးက မြတ်ဆရာခေါင်းစဥ်ဖြင့် လည်းကောင်း၊ ကဗျာရေးစပ်ပြိုင်ပွဲကို အလယ်တန်းအဆင်းကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့က ထာဝရအလင်းရှင်ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ဆရာများနေ့အခမ်းအနား၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့၌ လူငယ်နှင့် စာပေ၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက အ.ထ.က ကျွန်းစုကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်၌ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ)အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေဘုန်းပွင့်စေတီတော်၌ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ)အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်တွင် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ရှိ ဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လက်တွေ့ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဋ္ဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ကို ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့တွင် ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အ.မ.က (၈)-ချောင်းသာ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဌာန ဝန်ထမ်းများမှ ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်  ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့​နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to