မြောက်ဥက္ကလာပ မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအ မှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၀င်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများနှင့် ၎င်းတို့၏ မိသားစု၀င်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)