ရေနံချောင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီများအား သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြုဆောင်ရွက်

ရေနံချောင်း မေ ၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီတွင် သစ်တပွေရပ်ကွက်နှင့် ဆုံတိုက်ရပ်ကွက်တို့ရှိ ဘုရားစေတီများအား သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြုဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၆)ဦး၊ အရန်တပ်ဖွဲ့ဝင်(၇)ဦး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၀)ဦးဖြင့် သစ်တပွေရပ်ကွက်ရှိ ရှင်ပင်သက်တော်ရှည်ဘုရားစေတီတော်မြတ်ကြီးအား မီးသတ်ရေပိုက်များဖြင့် ရေသပ္ပာယ်ခြင်း၊ ဘုရားရင်ပြင်တော်နှင့် ဘုရားပုရဝုဏ်အတွင်း အမှိုက်သရိုက်များ သန့်ရှင်းကုသိုလ်ပြုဆောင်ရွက်ခြင်း၊ ရှေးဟောင်းတိပိဋကတ်စုံကျောက်စာရုံတော်ကြီးရှိ ကျောက်စာတိုက်များအတွင်းမှ ကျောက်စာချပ်များအား ရေဖြင့်ဆေးကြောခြင်း၊ အမှိုက်သရိုက်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုစိုးကြီး