မြိတ်မြို့တွင် ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟော ပြောပွဲကို မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အား ပညာပေးဟောပြောသည်။

ကျောက်ဆည်မြို့နယ်၌ Placement Test (အထူး)စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ Placement Test (အထူး) ရေးဖြေစာမေးပွဲကို  ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။

ကော့ကရိတ်မြို့ ၌ ကျောင်းနေအရွယ်ကလေးများ Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊‌ ကော့ကရိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် placement Test(အထူး) စာမေးပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

မှော်ဘီမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွက်ဆို၊ ပုံပြင်ပြော ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်များ စာဖတ်ရှိန်​မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွက်ဆို၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

လမ်းမတော်မြို့နယ်တွင် စုံရက်/ မရက် ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့် စနစ်အား အသိပညာပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထောင့်တွင် မော်တော်ယာဉ်များ စုံရက် / မရက်အလိုက်စစ်ဆေး အသိပညာပေးဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြု လုပ်ခဲ့သည်။

သနပ်ပင်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို သနပ်ပင်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လည် ၁ နာရီက မြိုနယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

မက်မန်းမြို့ Community Centre ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင် တန်းကို ဇွန်လ ၁၃ ရက်နေ့က မက်မန်းခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to