လမ်းမတော်မြို့နယ်တွင် စုံရက်/ မရက် ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့် စနစ်အား အသိပညာပေးဆောင်ရွက်

လမ်းမတော် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထောင့်တွင် မော်တော်ယာဉ်များ စုံရက် / မရက်အလိုက်စစ်ဆေး အသိပညာပေးဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလွင်နှင့် အဖွဲ့ဝင်များ၊ အမှတ် (၄၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ခင်မာဦး ဦးစီးသောအဖွဲ့ဝင်များ၊ လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်သူမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း မောင်းနှင်ခြင်းရှိ/ မရှိ၊ စုံရက်၊ မရက် ခွဲခြား၍ မော်တော်ယာဉ်များ မောင်းနှင်စေမည့်စနစ်အား အလေးထားလိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)