မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မိုင်းရယ် ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လည် ၁ နာရီက မြိုနယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အ.ထ.က၊ အ.လ.က၊ မူလွန်(၁)နှင့် မူလွန်(တပ်တွင်း) ကျောင်းများမှအခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၃)ဦးက ယှဉ်ပြိုင်ခဲ့ကြပြီး စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်