မက်မန်း ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင် တန်းကို ဇွန်လ ၁၃ ရက်နေ့က မက်မန်းခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အခမ်းအနား တစ်ခုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားမှူး၏ အခန်းကဏ္ဍမှာအရေးကြီးကြောင်း၊ ဝတ်စားဆင်ယင်မှု၊ အခမ်းအနားမှူး၏ ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများ၊ ဘာသာရေး၊ သာသနာရေးပွဲများတွင် အခမ်းအနားမှူးတစ်ဦးသိရှိရမည့် အဓိကအချက်လက်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို စာတွေ့/လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်းကြားရေးမှူးက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်၊(ပြန်/ဆက်)