ကော့ကရိတ်မြို့ ၌ ကျောင်းနေအရွယ်ကလေးများ Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကော့ကရိတ်     ဇွန်  ၁၅

ကရင်ပြည်နယ်၊‌ ကော့ကရိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် placement Test(အထူး) စာမေးပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

 အထူးစာမေးပွဲကို ကျောင်းပြင်ပသို့ရောက်ရှိနေကြသည့် Grade (1)မှ Grade(8) အထိ  ကျောင်းသား၊ကျောင်းသူ (၃၈၈)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်၊ အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်းအုပ် ဆရာကြီး ဦး‌ကျော်ကျော်မျိုးတို့က ကြည့်ရှုကြပြီး ဆရာ၊ဆရာမများမှ ပူးပေါင်း၍ ကြပ်မတ် ဆောင်ရွက်ခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက  လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယနေ့တွင်ကျင်းပသည့် အထူးစာမေးပွဲကို ဇွန် (၁၅)ရက်မှ (၂၀)ရက်အထိ ဘာသာရပ် အလိုက် ဖြေဆိုကျင်းပမည်ဖြစ်ပြီး ဇူလိုင် (၁)ရက်တွင် အောင်စာရင်းထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်သည်။

ခရိုင် (ပြန်/ဆက်)