တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

တောင်ငူ ဇွန် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖြူး- လိပ်သေ-ကျွဲမကူးလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဝဲဒေါင့်-မင်းကံရိုးလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)