တာလေမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်း ၆/၂၀၂၅ ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ လူမှုဝန်ထမ်းကျောင်းဝန်းအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၆/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဝိုင်းမော်မြို့၌ ကျင်းပသည့် လော်ဝေါ်မျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော ကချင်မျိုးနွယ်စု(၆)မျိုးအနက် လော်ဝေါ်တိုင်းရင်းမျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ဝိုင်းမော်မြို့ အမှတ် (၁)ရပ်ကွက်အတွင်းရှိ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ လော်ဝေါ်မနောကွင်းအတွင်းရှိ ဦးလက်ဝါးဇွန်းခေါင် အောက်မေ့ဖွယ်ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်သည်။

ပခုက္ကူမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြည်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီမှဦးစီး၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယ‌နေ့နံနက် ၆ နာရီက ဒေါင်းကျကျေးရွာအုပ်စု ဒေါင်းကျကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပ

ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

မြို့နယ်များအလိုက်  မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများဆောင်ရွက်

ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသမှုများကို မြို့နယ်အလိုက်ဆောင်ရွက်နေမှုများကို စုစည်း ဖော်ပြအပ်ပါသည်။

ပေါင်းတည်မြို့နယ်၌ သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချရာ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

လှိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ထပ်ဆင့်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပါတီစုံအ‌ထွေထွေရွေးကောက်ပွဲမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ထပ်ဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to