ထန်းတပင်မြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ်(၄၅၅) ဦးပိုင်(၃၇/၂) ရှိ တောင် သူဦးမြင့်စိုး၏ လယ်မြေ (၅) ဧကတွင် သစ်စိမ်းမြေသြဇာ( ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ ၂၀၂၅ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက်(၈) နာရီက ကျိုက်လတ်-မော်ကျွန်း ကားလမ်း‌ဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက်နေ့က အောင်လံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဖျာပုံမြို့နယ် ကျုံကူကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့်လိုက်လံရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာတွင် ရောင်းချပေးကြသည်။

ပြည်မြို့၌ ခရိုင်အဆင့် ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်သစ်တောဦးစီးဌာနကကြီးမှူး၍ ပြည်မြို့ဘုရင့်နောင်လမ်းမကြီးဘေးရှိ စက်မှုဇုန်အဝင်လမ်း၌  နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)  အသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို)  မူခင်းကျဆင်းရေး နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အ​ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Naypyitaw State Polytechnic University (NSPU) ၌ လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University (NSPU) နှင့် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂ခု၅ ဘဏ္ဌာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတော ချောင်းကူးတံတား (၁၈၀' x ၂၀') နှင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့မှ  လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဟုမ္မလင်းမြို့၌ မူးယစ်‌ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်‌ဆေးဝါးတားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့အမှတ်(၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟုမ္မလင်းမြို့နယ်‌ ခေါင်ခမ်းအုပ်စု၊ နားသဲကျေးရွာ၊ အ‌ခြေခံပညာအလယ်တန်း‌ကျောင်း၌ မူးယစ်‌ ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to