မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊  မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နိုင်ငံတော်၏ သယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတုကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၇ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်  မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် -၂ ပတ်လမ်းတစ်လျှောက်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆)တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်း(မြောင်းမြ)မှ (၆)တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက တောင်သူ ဦးမြင့်သန်း၏ လယ်ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

လှည်းကူးမြို့နယ် ကျောက်ကဒင်ကျေးရွာ၌ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်ပျိုးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးခြင်းကို လှည်းကူးမြို့နယ်၊ ကျောက်ကဒင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၀၀၂)၊ ဦးပိုင်အမှတ် ၅၃/က တောင်သူ ဒေါ်ပြုံးနွဲ့၏ လယ်ယာမြေ(၄း၀၀) ဧကနှင့် တောင်သူ ဒေါ်ဘဲလာ (၁၃.၇၃)ဧကတို့တွင် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါလယ်မြေ၌(ဆင်းသုခမျိုး) မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၅)သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် အပတ်စဉ်(၅) သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား/သူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။

တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် အသိပညာပေးဟောပြောသရုပ်ပြခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် သရုပ်ပြခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်ပြည်သူများအတွက် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ကျပ် (၂၀၀၀)သိန်းတန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပစေတနာရှင်၊ ရဟန်း၊ ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

ငဖဲမြို့နယ်တွင် နယ်မြေဒေသစိမ်းလန်းစိုပြည်စေရေး သစ်ပင်များစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ နယ်မြေဒေသ ရပ်ရွာဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပဒါန်းကျေးရွာ ဓာတ်အားခွဲရုံဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုင်းရယ်မြို့ အ.ထ.က၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူး‌ပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

မုဒုံမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၉ ရက်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
Subscribe to