ကျိုက်လတ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက်(၈) နာရီက ကျိုက်လတ်-မော်ကျွန်း ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇံရွှေ၊ မြို့နယ်သစ်တောဉီးစီးဌာနမှ တာဝန်ခံ တောအုပ်ကြီး ဦးအောင်မျိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ယဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်နှင့် ရာသီဥတုကောင်းမွန်မျှတစေရန်ရည်ရွယ်၍ မန်ဂျန်ရှားပျိုးပင်(၂၅၀)၊ ခရေပျိုးပင်(၅၀)၊ ငုရွှေဝါ ပျိုးပင်(၅၀)၊ စိန်ပန်းကြီး ပျိုးပင်(၁၀၀)၊ မာလာလူးကား ပျိုးပင်(၄၀) နှင့် ထိုင်ဝမ် ဗေဒါ ပျိုးပင်(၂၅)၊ စုစုပေါင်းပျိုးပင်(၅၁၅)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်