ဖျာပုံမြို့နယ် ကျုံကူကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့်လိုက်လံရောင်းချပေး

ဖျာပုံ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာတွင် ရောင်းချပေးကြသည်။
ထိုသို့ ရောင်းချပေးရာတွင်​ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူထက်နှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ခရိုင်/မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ဖျာပုံမြို့နယ် ကျုံကူကျေးရွာ စျေးရှေ့တွင် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အချွန်ဆန်တစ်ပြည်လျှင် ငွေ (၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှန်းဖြင့်လည်းကောင်း ၊ကြက်ဥ (၁) လုံးလျှင် (၃၄၀ )ကျပ်နှုန်းဖြင့်လည်းကောင်းလူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား၊ ဆန်တစ်ပြည်၊ ကြက်ဥ (၅)လုံးတို့အား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)