ကြံခင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)  အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း   ဇွန်  ၂၂

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြိုမူခင်းကျဆင်းရေး နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြားအရာများကိုအချိန်မပေးဘဲ အဓိကဖြစ်သည့် ပညာရေးကိုသာဦးတည် လျှောက်လှမ်းရမှာဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သောကိစ္စများကို လက်တည့်မစမ်းကျရန် အမှာစကားပြောကြားပြီး၊ မူခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရသောစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာရောဂါများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းများ၊ ကျောင်းသား၊ ကျောင်းသူများက သတိပြုလိုက်နာသင့်သည်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်က လမ်းအသုံးပြုသွားလာရာတွင် အန္တရာယ်တွေ့နိုင်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြော ပြီး၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ကေသီခိုင်က အမှိုက်အမျိုးအစား()မျိုး ခွဲခြားစွန့်ပစ်ခြင်းအကြောင်းအရာများအား အကျယ်တဝံ့ရှင်းလင်းဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့မရဲစခန်းမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)