မုံရွာ ဇွန် ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းက တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များရှိ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစုနိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအလိုက် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့် သတ်မှတ်နေရာများတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပသွားမည့် အခြေ အနေများနှင့်စပ်လျဥ်းပြီး အသေးစိတ်ရှင်းလင်းအမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော်က တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အားလုံးစနစ်တကျ ကျေပွန်စွာဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းးပညာအထောက်အကူပြုအဖွဲ့အနေဖြင့်လည်း ကြိုုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိစေရေးနှင့် အားလုံးပူးပေါင်ဆောင်ရွက်ကြစေကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့ဝင်များမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ပေးပို့ထားရှိပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များတွင် မဲပေးစနစ်သရုပ်ပြခြင်း သင်တန်းများဖွင့်လှစ်ပို့ချပေးထားမှုအခြေအနေများ၊ MEVM မဲပေးစက်အား သေချာစွာလိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကြီး၌ မဲပေးစက်ကိုင်တွယ်ကြီးကြပ်မည့်သူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချမည့်အခြေအနေ၊ မဲပေးစက်များအားထိန်းသိမ်းထားရှိမှု၊ ဆက်လက်ပေးပို့ဆောင်သွားမည့်အခြေအနေများ၊ ခရိုင်နှင့်မြို့နယ်များတွင် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်း တိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ ဆွေးနွေးပွဲကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)