ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ တုံးလှဲချောင်းမြစ်အတွင်း သွားလာပြေးဆွဲနေသော ရေယာဥ်များအား ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် ရ.စ.ကဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ပူးပေါင်အဖွဲ့တို့က Lijack ဝတ်ဆင်မှုသင်ကြားပြသပေးခြင်းနှင့် ရေယာဥ်များအတွက် အသက်ကယ်ဘောကွင်းများ၊ Lijack များအသင့်ထားရှိရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၇) ရပ်ကွက်၊ ပိတောက်လမ်းကမ်းနားနှင့် သဲလမ်းကမ်းနားဆိပ်တို့ တွင် ယမန်နေ့ (၁၀)နာရီခွဲအချိန်က စတင်ပြုလုပ်သည်။