ပြည်မြို့၌ ခရိုင်အဆင့် ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်သစ်တောဦးစီးဌာနကကြီးမှူး၍ ပြည်မြို့ဘုရင့်နောင်လမ်းမကြီးဘေးရှိ စက်မှုဇုန်အဝင်လမ်း၌  နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျိုးပင်များကို  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုက ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌထံသို့လည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးက ဒေသခံပြည်သူတစ်ဦးထံသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးက ကျောင်းသူနှစ်ဦးထံသို့လည်းကောင်း၊ ခရိုင်သစ်တောဦးစီးမှူးက စက်မှုဇုန်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးထံသို့လည်းကောင်း ပျိုးပင်များအသီးသီးပေးအပ်ကာ တက်ရောက်လာကြသူများ  စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ (၁၀)ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ (၃၀၃)ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၀၀)ဦး၊ ပြည်စက်မှုဇုန်မှလုပ်ငန်းရှင် (၁၀ဝ)ဦး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)မှ (၁ဝဝ)ဦး၊ ဒေသခံပြည်သူ (၁၀၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၇၄)ဦး၊ စုစုပေါင်း (၇၈၇)ဦး ဖြင့်တမာပင်(၃၀၀)၊ စိန်ပန်းကြီးနှင့် စိန်ပန်းလေး အပင် (၂ဝဝ)စီ၊ ငုရွှေဝါပင်(၂ဝဝ)နှင့်  စိန်တံချူပင် (၂ဝဝ)၊ စုစုပေါင်းပျိုးပင်အရေအတွက် (၁၁၀၀)ကို ပျော်ရွှင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)