ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၁၀၀၀ ကျပ်သာ ရောင်းချနေရ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီများဈေးနှုန်းကျဆင်းနေခြင်းကြောင့် လာမည့်ဆောင်းရာသီ ကြက်သွန်စိုက်ပျိုးတောင်သူ နည်းသွားနိုင်ကြောင်း ကျေးလက်တောင်သူများထံက သိရသည်။