မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ၏ ရူပဒေဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဇွန် ၂၀ ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုကြရာ မန္တလေးတိုင်းဒေသကြီးအတွင်း သတ်မှတ်စာစစ်ဌာန ၁၀၁ ခုတွင် ရူပဗေဒဘာသာရပ်၌ ၃၂၇၀၈ ဦးနှင့် သမိုင်းဘာသာရပ်၌ ၁၀၅၃ ဦးဝင်ရောက်ဖြေဆိုခဲ့သည်။

မိုးနဲမြို့နယ်၌ အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၉)ရက်နေ့ ညနေ (၂)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့် လိုင်စင်မဲ့ယာဥ်များ စစ်ဆေးဆောင်ရွက်ရန်ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ စည်းကမ်းပျက်မောင်းနှင်မှုများနှင့် လိုင်စင်မဲ့ယာဥ်များ ပူးပေါင်းစစ်ဆေးဆောင်ရွက်နိုင်ရေးကိစ္စဆွေးနွေးခြင်းကို ယမန်နေ့နေ့လယ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီများနှင့်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းက ကန်သာယာအထူးကုဆေးရုံကြီး၏ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းက ကန်သာယာအထူးကုဆေးရုံကြီး၏ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် လှိုင်မြို့နယ်၊ ပြည်လမ်းရှိ ကန်သာယာအထူးကုဆေးရုံကြီး၌ ကျင်းပသည်။

တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် ဝင်ငွေတိုးစီမံကိန်းဆိုင်ရာ စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေဟောပြေပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့အကြို “စာပေဟောပြောပွဲ” အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပရာ ရန်ကုန်ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး (ဗဟို)ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး၏ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်ဖလပ်ရပ်ကွက်၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဖလပ်ရပ်ကွက်၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့ဖလပ်ရပ်ကွက် ကျန်းမာရေးဆေးပေးခန်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှဒေါက်တာကျော်ရဲအောင်၊ ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်နှင့်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေး လမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ သင်တန်းဆင်းပွဲ၊ ဖွင့်ပွဲတက်ရောက်၊ သီးနှံစိုက်ခင်းများ ကြည့်ရှု

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေးလမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံ စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးပညာပေးဝန်ထမ်းများ၊ သီးနှံစုံမျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် Teacher Thuzar ကိုယ်ပိုင်အလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(တောင်ဥက္ကလာပ မြို့နယ်)နှင့် Teacher Thu Zar ကိုယ်ပိုင်အလယ်တန်းကျောင်းတို့ပူးပေါင်း၍  မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်၊ သီဟသူလမ်းရှိ Teacher Thuzar ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to