ချမ်းမြသာစည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအား ဥပဒေ/နည်းဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဥပဒေ/နည်းဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ကြီးကြပ်ရေးမှူးများမှ သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး ၁၄ ရပ်ကွက်မှ ကြီးကြပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများစုစုပေါင်းလူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)