ကြာအင်းဆိပ်ကြီး ဇွန် ၁၅
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး)စာမေးပွဲကို ယနေ့နံနက် ၉နာရီက ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။
အထူးစာမေးပွဲ ကို Grade (1)မှ Grade-8 အထိ ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း (၅၄၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြ ပြီးအေးချမ်းစွာဖြေဆိုနေမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လိုက်လံကြည့်ရှုကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် အထူးစာမေးပွဲကို ဇွန် (၁၅)ရက်မှ (၂၀)ရက်အထိ ဘာသာရပ်အလိုက် ဖြေဆို ကျင်းပမည်ဖြစ်ပြီး အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်း အပ်နှံလက်ခံခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)