တောင်သာ ဇွန် ၁၅
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို တောင်သာမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(မင်းစု)၌ ဇွန် ၁၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိူးတို့ကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းအဆင့် Grade-1 မှ Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-8 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူး အစီအစဉ်)စာမေးပွဲကို ဇွန် ၁၅ ရက်မှ ဇွန် ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ Placement Test (အထူးအစီအစဉ်)စာမေးပွဲ ကျင်းပခဲ့ရာ တောင်သာမြို့နယ်အတွင်းရှိ Grade-1 မှ Grade-8 အထိစာရင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၀၃ ဦး၊ ဖြေဆို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၆ ဦး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၇ ဦးရှိကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးမိုး ဦးဆောင်ကာ ဆရာကြီး၊ ဆရာမကြီး များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)