ရန်ကုန် ဇွန် ၁၅
မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ၊ တောင်သူ ဦးအောင်လွင်၏ လယ်မြေတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က လှည်းကူးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးစိုက်ပျိုးမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်တို့က တောင်သူများအား မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးနှင့် ဓာတ်မြေဩဇာများကို ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တောင်သူ ဦးအောင်လွင်၏ လယ်မြေတွင် မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှု၊ ပေါ်ဆန်းမွှေး ပျိုးခင်းစိုက်ပျိုးထားရှိမှု၊ စပါးခွံမီးသွေး (ဘိုင်အိုချာ) ပြုလုပ်နေမှုနှင့် ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ Drum Seeder များ၊ အနိမ့်တင်ဆိုလာများနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ စသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)