ကလေး ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေဘေး၊ မီးဘေး၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောအသိပညာပေးဟောပြောခြင်း သဏ္ဍန်တူသရုပ်ပြသခြင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၆) အခြခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးကျော်စိုးတင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြတ်ဇော်ထွန်းက ရေဘေး၊ ငလျင်ဘေးနှင့် ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဝင်း မီးဘေး၊ ရေဘေး ဆိုင်ရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့သဏ္ဍန်တူ သရုပ်ပြသခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က(၆)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)