ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဟင်္သာတ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ အစိုးရနည်းပညာအထက် တန်းကျောင်း(ဟင်္သာတ) ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးကအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မောင်း စစ်ဆေးရေးမှူး-၂ ဦး‌ဝေဇင်လတ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ‌ပေးဟော ပြောခြင်း၊ ဟင်္သာတမြို့အမှတ်(၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်ရှောင်ရန် အချက်များအားအသိပညာ ပေးဟောပြောခြင်း၊ ဟင်္သာတနယ်မြေရဲစခန်းမှ ဒုရဲမှူး စန်းလွင်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်း စရာများကိုအသိပညာ‌ပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ) ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးနှင့် ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၂၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)