ပေါက်ခေါင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက အ.ထ.က (ပေါက်ခေါင်း) ကျောင်၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် (ဆောင်းပါး)၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ကာကွယ်ကုသပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက်ဖြတ်တောက်စို့၊ ဆရာမောင်ကျေးဇူးရေးသားထားသော "အဆိပ်ပန်း" (ကဗျာ)၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့မူးယစ်အန္တရာယ်ကာကွယ်စို့၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း စသည့် ဆောင်ပုဒ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးကာတွန်းအစရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးများ ပါရှိသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)