ချောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer JN.1) ထိုးနှံပေး

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မ‌ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Pfizer JN.1) ထိုးနှံပေးခြင်းကို ဇွန်လ ၁၇ ရက်နေ့မှစတင်၍ ချောက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း  ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှု ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

လပွတ္တာမြို့နယ်တွင် မျိုးစေ့ချစက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် မြွေဟောက်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မျိုးစေ့ချစက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “ လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ဆီသို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက် မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရေဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့  ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက  ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ အသက် အဘွား‌နှင့်မွေးရာပါမသန်စွမ်းသူတို့အား ထောက်ပံ့ငွေ၊ ကြက်ဥနှင့်အဟာရဖြစ်မုန့်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ထွန်းတံတား၌ ရွေးမြစ်အတွင်း သွားလာပြေးဆွဲနေသော ခရီးသည်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့ညနေ ၃ နာရီအချိန်က မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

မြို့သစ်မြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြော၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက  ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန်မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲကျင်းပသည်။

မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer – JN.1) စုပေါင်းထိုးနှံပွဲကို ဇွန်လ ၂၃ ရက် နံနက်ပိုင်းကစတင်၍   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to