မြဝတီမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၌  လူငယ်စကားဝိုင်းကျင်းပ

မြဝတီ     ဇွန်       ၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် မြဝတီမြို့နယ် ပညာရေးမှူး ဦးမိုးကျော်ကအမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်စကားဝိုင်း ကျင်းပသည့် ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ အထက ခွဲ (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူသုံးဦးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ခေါင်းစဉ်(၃)ခုဖြင့် ဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူ (၃) ဦးက  ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများမှ သိလိုသည်များ မေးမြန်းခဲ့မှုအပေါ်  တာဝန်ရှိသူများက  ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၆) ဦး တို့အား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ် စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ခရိုင်/ပြန်ဆက်