ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer (Grey Cap) Vaccine ကာကွယ် ဆေးများ ဆက်လက်ထိုးနှံ

ဒေးဒရဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများတစ်ဦးမှတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက်  ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ နံနက်(၈)နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနနှင့်ကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးပြီး (၆)လအထက်ရှိသူများနှင့် အသက်(၁၈)နှစ်အထက်ရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် Pfizer (Grey Cap) Vaccine ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံမည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအားလိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း