ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်ကုသပေး

ကန့်ဘလူ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် မြန်မာ့စီးပွားရောဘဏ်ရုံး၌ ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စစ်ဆေးပေးခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့တိုင်ရင်းဆေးရုံတို့က ကျန်းမာရေးစောင့်ရှောက်ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့်ဆေးကုသပေးရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမိုးနှင့်ဝန်ထမ်းများ၊ ၁၆ ခုတင်ဆံ့တိုင်ရင်းဆေးမှူး ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်းရေးသွင်းပြီး သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးတိုးစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများကို အခမဲ့ဆောင်ရွက်ပေးရာ ကျန်းမာရေးလာရောက်စစ်ဆေးသူ စုစုပေါင်း ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ထို့ပြင်ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အလှူရှင်များပူးပေါင်း၍ အာဟာရဒါနအဖြစ် စမူဆာနှင့်ကော်ဖီတို့တိုက်ကျွေးခဲ့ ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက အငြိမ်းစားများ နားနေဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ရာ ၂၇ သိန်းကုန်ကျခဲ့ကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူသူများကလည်း ဝမ်းသာလျက်ရှိကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း