ရေဖြူမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပန်းကြယ်သီးထိုးနည်းသင်တန်း ပြုလုပ်

ရေဖြူ ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Centre)တွင် ယနေ့ နံနက်၉နာရီက ပန်းကြယ်သီးထိုးနည်းသင်တန်း ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ကျောင်းသူလေးများ ကျောင်းပိတ် ရက်အားလပ်ချိန်တွင် အသက်မွေးပညာရပ်ဖြစ်သော လက်မှုပညာများတတ်မြောက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းရှင်းပြပြီး နည်းပြဆရာမ ဒေါ်နီနီထွန်းက သင်တန်းသူများအား ပန်းကြယ်သီးထိုးနည်းကို အခြေခံကအစ သင်ကြားပေးခဲ့ပြီး သင်တန်းသူ ၁၂ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)