ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဘုတ်ပြင်း   ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၅ ရက် နံနက်က ဘုတ်ပြင်းမြို့ ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ဦးစွာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရဲဝင်းအောင်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့နှင့်အတူ ယင်းနောက် တက်ရောက်လာကြသူများက ပျဉ်းကတိုးပင်   ၁၀၀ ၊ မဟော်ဂနီပင် ၁၀၀၊ မန်ဂျာရှားပင် ၁၈၀၊ ခရေပင် ၇၀၊ စိန်ပန်းပင် ၅၀ စုစုပေါင်းပျိုးပင် ၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မြို့နယ် ( ပြန်/ဆက်)