တနင်္သာရီမြို့နယ်၌ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြေဆို

တနင်္သာရီ ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(တနင်္သာရီ)၌ ကျင်းပသည်။

အဆိုပါ Placement Test ဖြေဆိုရာတွင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျောင်းပြင်ပ ရောက်နေသော ကျောင်းသားကျောင်းသူများ စာရင်းရှိ ၈၃၄ ဦးတွင် ဝင်ရောက်ဖြေဆိုသူ Grade.1 ၃၁ ဦး၊ Grade-2  ၈၆ဦး၊ Grade-3 ၁၂၇ ဦး၊ Grade-4 ၁၁၈  ဦး၊ Grade-5 ၁၀၂  ဦး၊ Grade-6 ၇၉  ဦး၊ Grade-7 ၄၂ ဦး၊ Grade-8 ၂၆ ဦးစုစုပေါင်း ၆၁၁ ဦး ရှိကြောင်း သိရသည်။

Placement Test ကို ဖြေဆိုအောင်မြင်သော ကျောင်းသားကျောင်းသူများအား သတ်မှတ်အတန်း အဆင့်များတွင် ပြန်လည်ပညာသင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ(ပြန်/ဆက်)