ပုလော ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိ နေသော အခြေခံပညာ မူ/လယ် အဆင့် ကျောင်းသား/ ကျောင်းသူများ Placement Test (အထူး အစီအစဉ်) စာမေးပွဲကို ဇွန် ၁၅ ရက် နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
လျှောက်ထားသည့် ကျောင်းသား/သူများ အသက်အလိုက် ဖြေဆိုခွင့်ရှိသော အတန်းများမှာ အသက် ၇-နှစ် Grade-1 ၊အသက် ၈-နှစ် Grade-2၊ အသက် ၉-နှစ် Grade-3 ၊ အသက် ၁၀-နှစ် Grade-4၊ အသက် ၁၁ -နှစ် Grade-5 ၊ အသက် ၁၂-နှစ် Grade-6၊ အသက် ၁၃-နှစ် Grade-7 ၊အသက် ၁၄-နှစ် မှ ၁၅-နှစ် ၃-လအထိ Grade-8 အတန်းများဖြင့် ဝင်ရောက်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေပြီး၊ မူလတန်းအဆင့်/အလယ်တန်းအဆင့် ကျောင်းသား/သူများ ၃၁-၅-၂၀၂၆ ရက်နေ့တွင် အသက် ၁၅ - နှစ် ၃-လ ပြည့်ပြီး Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃၆ ဦးရှိရာ ၂၉၂ ဦး လာရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ပုလော (ပြန်/ဆက်)