စစ်ကိုင်းမြို့၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထု လှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇူလိုင်လ (၁၁)ရက်၊ နံနက် (၇)နာရီ အချိန်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်‌ရေး အသိပညာ‌‌ပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ် မကျီးတောကျေးရွာတွင် ယနေ့နံနက် ၉ နာရီက မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေ‌ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်နိုင်စေရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းပြုလုပ်ခဲ့ရာ မွေးမြူရေးလုပ်ငန်းရှင်နှင့်တောင်သူ ၂၀ ဦးတက်ရောက်ခဲ့ကြသည်။

ကန့်ဘလူခရိုင်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့်ကျွမ်း ကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံး ပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

မင်းဘူးမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ငလျင်ဘေးနှင့်ရေဘေးအပါအဝင် မီးဘေးလုံခြုံ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် Soe San ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် ငလျင်ဘေးနှင့်ရေဘေးအပါအဝင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက Soe San ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်သူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊  မီးသတ်ဆေးဘူးအသုံးပြုခြင်း၊   ဆီမီးလောင်မှု၊

ဥတ္တရသီရိမြို့နယ်၌ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော နွေစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းအမှတ်(၁၈၈၅)၊ တောင်သူ ဦးကျော်ရွှေ၏ စံပြကွက်စိုက်ခင်း ၅ ဧက၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲနှင့် စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ပွဲတက်ရောက်

၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ၀င်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

တာချီလိတ်မြို့ စက်မှုဇုန်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ကိုယ်ထူကိုယ်ထ ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ စက်မှုဇုန်အတွင်း မိုးရာသီကာလရေစီးရေလာကောင်းမွန်စေရေးအတွက် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စက်မှုဇုန် (၃)လမ်း၌ ရေနုတ်မြောင်းများတူးဖော် ဆောင်ရွက်လျက်ရှိသည်။

ဇေယျာသီရိမြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၆/၂၀၂၅) အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၅) အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Subscribe to