မိုင်းခတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုကစုပေါင်း၍ နှစ်စဥ်ပြုလုပ်မြဲဖြစ်သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀) နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့၊ ခရိုင်လူမှုဝန်ထမ်းရုံးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင် ပြုလုပ်ပါသည်။

ကံမမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီက ကံမမြို့နယ်၊ စီကျေးရွာအုပ်စု ပုသိမ်-မုံရွာလမ်းဘေး မိုင်တိုင်အမှတ်(၁၅၁/၂)နှင့်(၁၅၁/၃)အနီး မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စေတုတ္တရာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက  စေတုတ္တရာမြို့နယ် မုန်းတံမံ ၄ မိုင် လမ်းခွဲမှ၂မိုင်၃ဖာလုံအနီးမြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ ဝါဆိုပန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ဝါဆိုပန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာဝရနှင့် သံဃာတော်(၅)ပါး၊ ရှင်သာမဏေ(၇၄)ပါးနှင့် ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။

စလင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေးလူထုလှုပ်ရှားမှုအသွင်ဖြင့်  ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာအုပ်စု တည်ဘိုကန်ကျေးရွာ တည်ဘိုကန်ကြိုးပြင်ကာကွယ်တောအတွင်း သစ်တောမြေ(၁)ဧက၌ အပူပိုင်းဒေသ(၁၃)ခရိုင်  စိမ်းလန်းစိုပြေရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်းမိသားစု ဝါဆိုသင်္ကန်းကပ်လှူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း မိသားစုက ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က ဥယျာဉ်ရပ်ကွက် ဆင်တောင်(လွိုင်စန့်)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Subscribe to