ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စာရေးဆရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ကျိုက်ထိုမြို့နယ်ရှိ ဘုန်း‌တော်ကြီးကျောင်းများ၌ ဝါဆိုလပြည့်ဓမ္မစကြာနေ့၌ ဝါဆိုသင်္ကန်းကပ်လှူသူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခု ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းအသီးသီး၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ ကန့်ဘလူ ဇူလိုင် ၁၀ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားပြိုင်ပွဲ ဘားအံဇုန်ယှဉ်ပြိုင်မည့် အသင်းများအား ကြိုဆိုဧည့်ခံ

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဂ) ဘားအံဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုဧည့်ခံသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ်

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ် ကြံခင်း ဇူလိုင် ၁၀ ဖြိုးဝေလင်း (ပြန်/ဆက်)

မကူးစက်နိုင်သော ရောဂါများအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေး

မကူးစက်နိုင်သော ရောဂါများအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေး ဘိုကလေး ဇူလိုင် ၁၀ သန်းဌေးအောင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ တက်ရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၀)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲတက်ရောက်သည်။
Subscribe to