တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်‌ရေး အသိပညာ‌‌ပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ရေဦး ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ် မကျီးတောကျေးရွာတွင် ယနေ့နံနက် ၉ နာရီက မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေ‌ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်နိုင်စေရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းပြုလုပ်ခဲ့ရာ မွေးမြူရေးလုပ်ငန်းရှင်နှင့်တောင်သူ ၂၀ ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ပြည်တွင်းတိရစ္ဆာန်အရင်းအမြစ်များ ဆူံရှုံးမှုမရှိစေရေး၊ တစ်ပိုင်တစ်နိုင်မွေးမြူခြင်းမှသည် စီးပွားဖြစ်တိုးချဲ့မွေးမြူနိုင်သည်သာမက အရည်အသွေးမြင့်မားစွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ရောဂါထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသော်တာသူရိန်က စိုက်ပျိုးရေးမွေးမြူ‌ရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ပြီး တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေး‌ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးနေမှု၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးနေမှုများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ကျေးရွာအတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်ကောင်ရေ ၁၅၀ ကောင်အား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲ၊ ဒေါင့်သန်း‌ ရောဂါမဖြစ်‌ စေရေး ကာကွယ်ဆေးထိုးနှံပေးနေမှုကို လိုက်ပါကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)